အံ့ရော ..
တစ်ခါက သားအဖနှစ်ယောက်သည် တောင်ထိပ်တစ်ခုသို့ရောက်အောင် ကြိုးစားပမ်းစားတက်ကြရာ မွန်းတည့်ချိန်တွင် တောင်ထိပ်သို့ရောက်သွားကြ၏။ ထို့နောက်ဖခင်ဖြစ်သူသည် ဂုဏ်ယူဝင့်ကြွားစွာ သားဖြစ်သူထံလှမ်းပြောလိုက်သည်။
``တောင်အောက်ကိုပြန်ကြည့်စမ်း သား၊ သစ်ပင်တွေကစိမ်းစိုနေတယ်၊ မြစ်ကြီးကကွေ့ကောက်လို့ တို့မြို့လေးကိုပတ်ပြီးစီးဆင်းနေလိုက်တာ ဘယ်လောက်သာယာလှပလိုက်သလဲ´´
``ဟာ .. တောင်အောက်မှာ ဒီလောက်သာယာသားနဲ့များ ဘာဖြစ်လို့တစ်မနက်လုံးအပင်ပန်းခံပြီး တောင်ပေါ်ကိုတက်လာရတာလဲ အဖေရယ်´´